Wednesday, February 27, 2008

ကျမနှင့်အင်တာဗျူးများ (၁)

ကျမနှင့်အင်တာဗျူးများ လို့သာခေါင်းစဉ်တပ်လိုက်ရတာပါ။ အင်တာဗျူး တွေအရမ်းအများကြီးဖြေဖူးလို.တော့ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း မမယ်လိုဒီမောင်ရဲ့ အင်တာဗျူးပိုစ့်ကို ဖတ်ပြီးတဲ့နောက်မှာ ကျမလဲကိုယ့်အတွေ.အကြုံ လေးတွေကိုရေးချင်စိတ်ပေါက်လာမိတာနဲ. ဒီပိုစ့်လေးကိုရေးဖြစ်သွားပါကြောင်း...........

အင်တာဗျူး (၁)

ပထမဆုံးကြုံဖူးတဲ့အင်တာဗျူးကတော့ တတိယတန်းမှာပါ။ တပ်မတော်နေ့(တော်လှန်ရေးနေ့) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အတွက်လူရွေးတာပါ။ အဲဒီတုန်းကမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲဆိုတော့ တတိယတန်းနှင့်စတုတ္ထတန်း ပြိုင် ရမှာပေါ့လေ။စတုတ္ထတန်းမှာတော့ပြိုင်မဲ့သူများပေမဲ့ တတိယတန်းကိုယ်စားပြုပြိုင်ပွဲဝင်မဲ့သူမရှိသေးဘူးပေါ့လေ၊ တတိယတန်းကလည်းကိုယ့်ထက်အတန်းကြီးနဲ့ပြိုင်ရမှာ ဆိုတော့သိပ်မပြိုင်ချင်ကြဘူး။ အဲဒီတုန်းက ကျမတို့ကျောင်းက တောင်ကြီးမြို့မှာတော့စာတော်တယ်လို့နာမည်အကြီးဆုံးကျောင်းပေါ့။ အ.ထ.က (၄) ပါ။ တောင်ကြီးမှာနေဖူးတဲ့သူတွေကိုမေးကြည့်ရင်သိပါတယ်။ (ကြေငြာဝင်တာနော် :P) အဲဒါနဲ့တတိယတန်း ကိုယ်စားပြု ပြိုင်ပွဲဝင်မဲ့သူရွေးမယ်ဆိုတော့ တတိယတန်း တတန်းလုံး တစ်ခန်းဝင်တစ်ခန်းထွက် အရင်ဆုံး ပြိုင်ချင်တဲ့သူ ရှိမရှိ လိုက်မေးတယ်။ ဘယ်သူမှမရှိဘူးပေါ့လေ။ အဲဒီတုန်းက ကျမကတတိယတန်း (က)selection အခန်းကပေါ့လေ။ အဲဒီလက အတန်းထဲမှာ အဆင့် (၁) ရထားတဲ့သူဆိုတော့ ငါမကယ်ရင်မဖြစ်တော့ဘူးဆိုပြီး သမီးပြိုင်မယ်ဆရာမလို.ပြောလိုက်တယ်။ (ဟိ ဟိ) ဒါနဲ့ဆရာမကနေ့လည်ကျရင် ရုံးခန်းလာခဲ့ဆိုပြီး နေ့လည်ကျတော့ ဗျူးတော့တာပါပဲ။ ပထမဆုံးဆရာမ မေးတာက
မေး - တပ်မတော်နေ့ကဘယ်နေ့လဲ
ဖြေ - မတ်လ (၂၇) ရက်နေ့ပါ။
မေး - တပ်မတော်နေ့ကိုတော်လှန်ရေးနေ့လို.ရောခေါ်တာသိလား
ဖြေ - ဟုတ်ကဲ့သိပါတယ်။
မေး - ဘာလို့ခေါ်တာလဲ
ဖြေ - အင်း....တော်လှန်ရေးလုပ်တဲ့နေ့မလို့ပါ။
(အမှန်တော့သေသေချာချာမပြောတတ်ဘူးလေ။ သေချာမှမသိတာ။ ရမ်းဖြေတာပေါ့)
မေး - ဟင်..ဘယ်သူကဘယ်သူ.ကိုတော်လှန်တာတုန်း
ဖြေ - ဗိုလ်ချုပ်အာင်ဆန်းက ဖက်ဆစ်ဂျပန်ကိုတော်လှန်တာပါ။

ဒီလောက်ဆိုရင်မဆိုးပါဘူး။ သမီးကိုကိုးကားစရာ စာအုပ်တွေပေးလိုက်မယ်။ သမီးဘာမှအားမငယ်နဲ့။ ယှဉ်ပြိုင်ခြင်းသာအဓိကနော်သမီးတဲ့။ အဲဒါနဲ့ကျမလည်း ဆရာမပေးလိုက်တဲ့ တို့ကျောင်းသားစာအုပ် ကိုယူပြီး အိမ်ရောက်တော့မေမေ့ကိုပြောပြတာပေါ့လေ။ မေမေကတော့ငါ့သမီးကြိုးစားချင်စိတ်ရှိတယ် ဆိုပြီးဝမ်းသာနေတာပေါ့။ မေမေကကျမငယ်ငယ်လေးကတည်းက စာဖတ်ကျင့်ရှိအောင်လေ့ကျင့်ပေးထား တာပါ။ ရွှေသွေးတို့ မိုးသောက်ပန်းတို့ တေဇတို့ဆို အမြဲဝယ်ပေးတာ။

နောက်ဆုံးတော့ တပ်မတော်နေ့(တော်လှန်ရေးနေ့) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ့်စတုတ္ထတန်းတွေကို ကျော်ပြီး ကျမ ပထမဆု ရရှိခဲ့ပါတယ်။ မေမေ့ကျေးဇူးတွေပါ။ တစ်သက်မမေ့နိုင်စရာပေါ့ ။ ဆုရပြီးတော့လည်း
ဲ့အင်တာဗျူး ခံရသေးပါတယ်။

ဆက်လက်ဖော်ပြပါမည်။

No comments: