Wednesday, February 13, 2008

ဗိုလ်ချုပ်မွေးနေ့

ဒီနေ့ဟာ ကျွှန်မတို့နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့၉၃နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ကွယ်လွန်သွား တာ ကြာပြီဖြစ်သော်လည်း ကျွှန်မတို့ရင်ထဲမှာ ယနေ့ထက်တိုင် ရှင်သန်နေဆဲပါ။
ဒီနေ့ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ် ငယ်ငယ်တုန်းက ဖတ်စာထဲမှာသင်အံကျက်မှတ်ခဲ့ရတဲ့ကဗျာလေးကို ပြန်လည် တမ်းတ သတိရရင်း ဖေဖော်ဝါရီ ၁၃ အမှတ်တရ ပိုစ့်ရေးမိပါတယ်။
ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
၁၉၄၇ ၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။

No comments: