Wednesday, February 20, 2008

နောင်တ့မဲ့ချစ်ခြင်း



မင်းပေးသွားတဲ့ချစ်ခြင်းတွေ
တစ်ဘ၀ စာထိရှိမှာပါလို့
ထာဝရ စိတ်ကူးရင်း
ကြည်နူးခြင်းတွေအနန္ဒပေါ့

တရံတခါ
ခါးသီးစရာတွေ
မင်းဖန်တီးပေးရင်တောင်
ထားခဲ့ဖူးတဲ့သစ္စာ တည်မှာပါလို့
ဖြေသိမ့်ရင်းသာ

ချစ်သူရေ
ဆင်ခြေမဲ့လမ်းခွဲစကားနဲ့
မင်းထားခဲ့ပြန်တော့လည်း
ပုံအောပြီးပေးခဲ့တဲ့ငါ့အချစ်
တစ်နေ့တော့ပြန်လာမှာပါလို့
မျှော်လင့်ရင်းနဲ့

မင်းပေးခဲ့တဲ့ဒဏ်ရာတွေ
ပျောက်ကင်းဖို့အတွက်
မင်းပြန်လာမဲ့ရက်ကို
တစ်ဘ၀လုံးစောင့်နေပါရစေနော်။

ညသွေးခင်

1 comment:

MELODYMAUNG said...

ှုဒီကဗျာလေး ကောင်းလိုက်တာ ဘိုင်ဒဝေးးးးး ညသွေးခင်က ဘူလဲဗျ