Thursday, February 14, 2008

Valentine's present


ဒါကတော့ ချစ်သူပေးတဲ့ valentine လက်ဆောင်ပေါ့။ ဒါလေးလဲချစ်စရာကောင်းတာပဲမဟုတ်လား။

ဒါပေမဲ့ လက်ဆောင်ရတဲ့အကြောင်းရင်းကတော့သိပ်မလှပါဘူး။ ဘာလို့လဲဆိုတော့...ပြောရတာနဲနဲတောင်ရှက်တယ်။ သူကလိုလိုလားလားပေးတာ မဟုတ်ဘဲကိုယ်ကတောင်းလို့ပေးတာပါ။ သူမှာ valentine လက်ဆောင်ပေးဖို့လုံးဝကိုအစီအစဉ်မရှိပါဘူး။ သူကအရင်က ဂျပန်မှာအနေကြာခဲ့သူမို့ ဂျပန်ထုံးစံဆိုတာနဲ့ ကိုင်ပေါက်ပါတယ်။ ဂျပန်မှာဆိုရင် Feb 14 ဟာမိန်းကလေးများက လက်ဆောင်ပေးရတဲ့နေ့ဖြစ်ပါတယ်တဲ့။ ယောက်ကျားလေးများကတော့ March 14 ကျမှ လက်ဆောင်ပြန်ပေး ရပါတယ်တဲ(့ white day လို့ခေါ်ပါတယ်) ။ အဲဒီဂျပန် ယဉ်ကျေးမှုူကို အောက်ပါအတိုင်းရှင်းပြထားပါတယ်။

In Japan, it is only the women who give presents (mainly chocolates) to men. Japanese women are usually too shy to express their love. (Though it might not be true nowadays.) Therefore, Valentine's Day was thought to be a great opportunity to let women express their feelings. However, this is a custom that smart chocolate companies spread to boost their sales, and it has been very successful. Now the chocolate companies in Japan sell more than half of their annual sales during the week before Valentine's Day. Men are supposed to return gifts to women on a day called "White Day" (March 14th), a Japanese creation.

Does it sound good to you? Don't get too excited when you get chocolates from Japanese girls! They might be "Giri-choko (obligation chocolate)." Women give chocolates not only to their loved ones ("A true love" chocolate is called "Honmei-choko.") "Giri-choko" is the chocolate given to men such as bosses, colleagues or male friends that women have no romantic interest in, just for friendship or gratitude. The concept of "giri" is very Japanese. It is a mutual obligation that the Japanese follow when dealing with other people. If someone does you a favor, then you feel obligated to do something for that person.

သို့ပေမဲ့လည်း ဂျပန်မိန်းကလေးတစ်ယောက်က ကိုယ့်ကိုချောကလက်ကျွှေးလာခဲ့ရင် သိပ်ပြီးစိတ်လှူပ်ရှားမသွားပါနဲ့။ giri-choco (ဂီရိချော့ကော်) ဖြစ်နေမှာစိုးလို့ပါ။ သူတို့က ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ့်အထက်လူကြီးတွေကို giri chocoကျွှေးလေ့ရှိပါတယ်။

ကိုယ့်ချစ်သူကိုကျွှေးတဲ့ချောကလက်ကိုတော့ "Honmei-choko" လို့ခေါ်ပါတယ်တဲ့။ ဒါကတော့ဗဟုသုတ အနေနဲ့ပြောတာပါ။ ကျွှန်မရဲ့ချစ်သူကတော့ မနှစ်ကလည်း အဲဒီအကြောင်းပြောပြပြီး Feb 14 (Valentine's day) မှာကျွှန်မကိုဘာချောကလက်မှမကျွှေးပါဘူး။ ဘာလက်ဆောင်မှလည်းမပေးပါဘူး။ ကျွှန်မကတော့မှတ်မှတ်ရရ ချော့ကလက်လေးဝယ်ကျွှေးလိုက်ပါသေးတယ်။ ဒါပေမဲ့ သူက March 14 ( White day ) မှာလဲဘာချောကလက်မှ မ ကျွှေးပါဘူး။

ဒါနဲ့ဒီနှစ် Feb 14 (Valentine's day) မှာတော့ကျွှန်မလည်း ဘာလက်ဆောင်မှမပေးဘူး လို့ကြိုပြောထားပါတယ်။ မနက် ရုံးရောက်တော့ ရုံးကအမများ ၊ ညီမများကို သူတို.ရဲ့ချစ်သူများဆီက လက်ဆောင်များ နှင့်အတူတွေ.လိုက်ရတဲ့အခါမှာ သူကိုမနေနိုင် မထိုင်နိုင် ဖုံးဆက်လိုက်မိလို့သူ့.ဆီကပို့လိုက်တဲ့ လက်ဆောင်လေးပါ။ လက်ဆောင်လေးမှာပါတဲ့နှင်းဆီပန်းတွေကတော့အစစ်တွေပါ။ သိပ်ချစ်စရာကောင်းတဲ့ဝက်ဝံရုပ်လေးလဲပါ ပါတယ်။ ဒါတောင်မှ မနက်တွေ့တော့ပြောနေပါသေးတယ်။ ညကသူအလုပ်ပြန်နေုာက်ကျလို့ taxi နဲ့ပြန်တာ ပိုက်ဆံမပါတော့လို့ သူများဆီကချေးပြီးပြန်ရတယ်တဲ့။ မြန်မာပြည်ကပြောင်းပြန်ဖြစ်နေတာတဲ့။ ဘာကိုဆိုလိုချင်လဲ ဆိုတာတော့ စဉ်းစားကြည့်ကြပါဦး။ ဘာပဲဖြစ်ဖြစ် ကျွှန်မကတော့ မနှစ်ကအကြွှေးကျေပြီလို.မှတ်ထားလိုက်ပါတယ်။ သူဘာပြောပြောပေးတဲ့လက်ဆောင်လေးက အရမ်းလှပါတယ်။ သူ.မေတ္တာတွေလဲပါတယ်လို.ယုံကြည်ထားပါတယ်။

1 comment:

Win Zaw Naing said...

အောင်မယ်......ချစ်သူဆီကလက်ဆောင်ရလို့ပျော်နေတယ် ပေါ့...