Monday, February 18, 2008

အချစ်မိုး



ချစ်သူ..........
မင်းရွာချင်သလိုရွာပါ
တစ်ပေါက်နှစ်ပေါက်ပဲရွာရွာ
တစ်ဖွဲဖွဲပဲရွာရွာ
သည်းသည်းမဲမဲပဲရွာရွာပေါ့
မုန်တိုင်းတော့မဆင်လိုက်ပါနဲ့
သတိရခြင်းမိုးတိမ်တွေက
ဗျုံးကနဲရွာချလိုက်တဲ့အခါ
ငါ့ရင်တစ်ခုလုံးစိုရွှဲနေခဲ့ပြီ။

No comments: