ကျမနှင့်အင်တာဗျူးများ လို့သာခေါင်းစဉ်တပ်လိုက်ရတာပါ။ အင်တာဗျူး တွေအရမ်းအများကြီးဖြေဖူးလို.တော့ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း မမယ်လိုဒီမောင်ရဲ့ အင်တာဗျူးပိုစ့်ကို ဖတ်ပြီးတဲ့နောက်မှာ ကျမလဲကိုယ့်အတွေ.အကြုံ လေးတွေကိုရေးချင်စိတ်ပေါက်လာမိတာနဲ. ဒီပိုစ့်လေးကိုရေးဖြစ်သွားပါကြောင်း...........
အင်တာဗျူး (၁)
ပထမဆုံးကြုံဖူးတဲ့အင်တာဗျူးကတော့ တတိယတန်းမှာပါ။ တပ်မတော်နေ့(တော်လှန်ရေးနေ့) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အတွက်လူရွေးတာပါ။ အဲဒီတုန်းကမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲဆိုတော့ တတိယတန်းနှင့်စတုတ္ထတန်း ပြိုင် ရမှာပေါ့လေ။စတုတ္ထတန်းမှာတော့ပြိုင်မဲ့သူများပေမဲ့ တတိယတန်းကိုယ်စားပြုပြိုင်ပွဲဝင်မဲ့သူမရှိသေးဘူးပေါ့လေ၊ တတိယတန်းကလည်းကိုယ့်ထက်အတန်းကြီးနဲ့ပြိုင်ရမှာ ဆိုတော့သိပ်မပြိုင်ချင်ကြဘူး။ အဲဒီတုန်းက ကျမတို့ကျောင်းက တောင်ကြီးမြို့မှာတော့စာတော်တယ်လို့နာမည်အကြီးဆုံးကျောင်းပေါ့။ အ.ထ.က (၄) ပါ။ တောင်ကြီးမှာနေဖူးတဲ့သူတွေကိုမေးကြည့်ရင်သိပါတယ်။ (ကြေငြာဝင်တာနော် :P) အဲဒါနဲ့တတိယတန်း ကိုယ်စားပြု ပြိုင်ပွဲဝင်မဲ့သူရွေးမယ်ဆိုတော့ တတိယတန်း တတန်းလုံး တစ်ခန်းဝင်တစ်ခန်းထွက် အရင်ဆုံး ပြိုင်ချင်တဲ့သူ ရှိမရှိ လိုက်မေးတယ်။ ဘယ်သူမှမရှိဘူးပေါ့လေ။ အဲဒီတုန်းက ကျမကတတိယတန်း (က)selection အခန်းကပေါ့လေ။ အဲဒီလက အတန်းထဲမှာ အဆင့် (၁) ရထားတဲ့သူဆိုတော့ ငါမကယ်ရင်မဖြစ်တော့ဘူးဆိုပြီး သမီးပြိုင်မယ်ဆရာမလို.ပြောလိုက်တယ်။ (ဟိ ဟိ) ဒါနဲ့ဆရာမကနေ့လည်ကျရင် ရုံးခန်းလာခဲ့ဆိုပြီး နေ့လည်ကျတော့ ဗျူးတော့တာပါပဲ။ ပထမဆုံးဆရာမ မေးတာက
မေး - တပ်မတော်နေ့ကဘယ်နေ့လဲ
ဖြေ - မတ်လ (၂၇) ရက်နေ့ပါ။
မေး - တပ်မတော်နေ့ကိုတော်လှန်ရေးနေ့လို.ရောခေါ်တာသိလား
ဖြေ - ဟုတ်ကဲ့သိပါတယ်။
မေး - ဘာလို့ခေါ်တာလဲ
ဖြေ - အင်း....တော်လှန်ရေးလုပ်တဲ့နေ့မလို့ပါ။
(အမှန်တော့သေသေချာချာမပြောတတ်ဘူးလေ။ သေချာမှမသိတာ။ ရမ်းဖြေတာပေါ့)
မေး - ဟင်..ဘယ်သူကဘယ်သူ.ကိုတော်လှန်တာတုန်း
ဖြေ - ဗိုလ်ချုပ်အာင်ဆန်းက ဖက်ဆစ်ဂျပန်ကိုတော်လှန်တာပါ။
ဒီလောက်ဆိုရင်မဆိုးပါဘူး။ သမီးကိုကိုးကားစရာ စာအုပ်တွေပေးလိုက်မယ်။ သမီးဘာမှအားမငယ်နဲ့။ ယှဉ်ပြိုင်ခြင်းသာအဓိကနော်သမီးတဲ့။ အဲဒါနဲ့ကျမလည်း ဆရာမပေးလိုက်တဲ့ တို့ကျောင်းသားစာအုပ် ကိုယူပြီး အိမ်ရောက်တော့မေမေ့ကိုပြောပြတာပေါ့လေ။ မေမေကတော့ငါ့သမီးကြိုးစားချင်စိတ်ရှိတယ် ဆိုပြီးဝမ်းသာနေတာပေါ့။ မေမေကကျမငယ်ငယ်လေးကတည်းက စာဖတ်ကျင့်ရှိအောင်လေ့ကျင့်ပေးထား တာပါ။ ရွှေသွေးတို့ မိုးသောက်ပန်းတို့ တေဇတို့ဆို အမြဲဝယ်ပေးတာ။
နောက်ဆုံးတော့ တပ်မတော်နေ့(တော်လှန်ရေးနေ့) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ့်စတုတ္ထတန်းတွေကို ကျော်ပြီး ကျမ ပထမဆု ရရှိခဲ့ပါတယ်။ မေမေ့ကျေးဇူးတွေပါ။ တစ်သက်မမေ့နိုင်စရာပေါ့ ။ ဆုရပြီးတော့လည်း
ဲ့အင်တာဗျူး ခံရသေးပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Wednesday, February 27, 2008
ကျမနှင့်အင်တာဗျူးများ (၁)
Posted by maymeko at 11:17 PM 0 comments
Tuesday, February 26, 2008
နားလည်ပေးပါ
စကားလုံးတွေ ၊ သစ္စာတွေ မလိုဘဲ
ငါတို. ရဲ့နှလုံးသားတွေ
ပေါင်းစည်းခဲ့ကြတယ်။
ပျော်ရွှင်ခြင်း ၊ နာကျင်ခြင်း
သည်းခံခြင်း ၊ ညှာတာခြင်း
အမျိုးမျိုးရောယှက်လို့
ငါတို.ရဲ့ခရီးကိုဆက်ခဲ့ကြတယ်။
တစ်ယောက်စိတ်ကူးတစ်ယောက်
ဖွင့်ပြောစရာမလိုဘဲ
ငါတို့ရဲ့စိတ်တွေ
နားလည်ခဲ့ကြတယ်။
အဲဒီတော့ချစ်သူရယ်
နာကြည်းစရာတွေရှိရင်တောင်
အရင်လိုပဲအလျော့ပေးနားလည်လို.
မင်းငါ့ကိုပြန်ခေါ်ဖို.
စဉ်းစားသင့်ပါတယ်။
ကဲ...ချစ်သူ.....
အပြန်အလှန်အဖြစ်
မင်းတစ်ခုခုကိုမျှော်လင့်တယ်ဆိုရင်လည်း
ငါ့မျက်ရည်တွေကိုပဲ
မင်းယူသွားပါတော့ကွယ်။
Posted by maymeko at 1:22 AM 0 comments
Wednesday, February 20, 2008
နောင်တ့မဲ့ချစ်ခြင်း
မင်းပေးသွားတဲ့ချစ်ခြင်းတွေ
တစ်ဘ၀ စာထိရှိမှာပါလို့
ထာဝရ စိတ်ကူးရင်း
ကြည်နူးခြင်းတွေအနန္ဒပေါ့
တရံတခါ
ခါးသီးစရာတွေ
မင်းဖန်တီးပေးရင်တောင်
ထားခဲ့ဖူးတဲ့သစ္စာ တည်မှာပါလို့
ဖြေသိမ့်ရင်းသာ
ချစ်သူရေ
ဆင်ခြေမဲ့လမ်းခွဲစကားနဲ့
မင်းထားခဲ့ပြန်တော့လည်း
ပုံအောပြီးပေးခဲ့တဲ့ငါ့အချစ်
တစ်နေ့တော့ပြန်လာမှာပါလို့
မျှော်လင့်ရင်းနဲ့
မင်းပေးခဲ့တဲ့ဒဏ်ရာတွေ
ပျောက်ကင်းဖို့အတွက်
မင်းပြန်လာမဲ့ရက်ကို
တစ်ဘ၀လုံးစောင့်နေပါရစေနော်။
ညသွေးခင်
Posted by maymeko at 7:41 PM 1 comments
Monday, February 18, 2008
အချစ်မိုး
မင်းရွာချင်သလိုရွာပါ
တစ်ပေါက်နှစ်ပေါက်ပဲရွာရွာ
တစ်ဖွဲဖွဲပဲရွာရွာ
သည်းသည်းမဲမဲပဲရွာရွာပေါ့
မုန်တိုင်းတော့မဆင်လိုက်ပါနဲ့
သတိရခြင်းမိုးတိမ်တွေက
ဗျုံးကနဲရွာချလိုက်တဲ့အခါ
ငါ့ရင်တစ်ခုလုံးစိုရွှဲနေခဲ့ပြီ။
Posted by maymeko at 11:44 PM 0 comments
Thursday, February 14, 2008
Valentine's present
ဒါကတော့ ချစ်သူပေးတဲ့ valentine လက်ဆောင်ပေါ့။ ဒါလေးလဲချစ်စရာကောင်းတာပဲမဟုတ်လား။
In Japan, it is only the women who give presents (mainly chocolates) to men. Japanese women are usually too shy to express their love. (Though it might not be true nowadays.) Therefore, Valentine's Day was thought to be a great opportunity to let women express their feelings. However, this is a custom that smart chocolate companies spread to boost their sales, and it has been very successful. Now the chocolate companies in Japan sell more than half of their annual sales during the week before Valentine's Day. Men are supposed to return gifts to women on a day called "White Day" (March 14th), a Japanese creation.
Does it sound good to you? Don't get too excited when you get chocolates from Japanese girls! They might be "Giri-choko (obligation chocolate)." Women give chocolates not only to their loved ones ("A true love" chocolate is called "Honmei-choko.") "Giri-choko" is the chocolate given to men such as bosses, colleagues or male friends that women have no romantic interest in, just for friendship or gratitude. The concept of "giri" is very Japanese. It is a mutual obligation that the Japanese follow when dealing with other people. If someone does you a favor, then you feel obligated to do something for that person.
သို့ပေမဲ့လည်း ဂျပန်မိန်းကလေးတစ်ယောက်က ကိုယ့်ကိုချောကလက်ကျွှေးလာခဲ့ရင် သိပ်ပြီးစိတ်လှူပ်ရှားမသွားပါနဲ့။ giri-choco (ဂီရိချော့ကော်) ဖြစ်နေမှာစိုးလို့ပါ။ သူတို့က ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ့်အထက်လူကြီးတွေကို giri chocoကျွှေးလေ့ရှိပါတယ်။
ကိုယ့်ချစ်သူကိုကျွှေးတဲ့ချောကလက်ကိုတော့ "Honmei-choko" လို့ခေါ်ပါတယ်တဲ့။ ဒါကတော့ဗဟုသုတ အနေနဲ့ပြောတာပါ။ ကျွှန်မရဲ့ချစ်သူကတော့ မနှစ်ကလည်း အဲဒီအကြောင်းပြောပြပြီး Feb 14 (Valentine's day) မှာကျွှန်မကိုဘာချောကလက်မှမကျွှေးပါဘူး။ ဘာလက်ဆောင်မှလည်းမပေးပါဘူး။ ကျွှန်မကတော့မှတ်မှတ်ရရ ချော့ကလက်လေးဝယ်ကျွှေးလိုက်ပါသေးတယ်။ ဒါပေမဲ့ သူက March 14 ( White day ) မှာလဲဘာချောကလက်မှ မ ကျွှေးပါဘူး။
ဒါနဲ့ဒီနှစ် Feb 14 (Valentine's day) မှာတော့ကျွှန်မလည်း ဘာလက်ဆောင်မှမပေးဘူး လို့ကြိုပြောထားပါတယ်။ မနက် ရုံးရောက်တော့ ရုံးကအမများ ၊ ညီမများကို သူတို.ရဲ့ချစ်သူများဆီက လက်ဆောင်များ နှင့်အတူတွေ.လိုက်ရတဲ့အခါမှာ သူကိုမနေနိုင် မထိုင်နိုင် ဖုံးဆက်လိုက်မိလို့သူ့.ဆီကပို့လိုက်တဲ့ လက်ဆောင်လေးပါ။ လက်ဆောင်လေးမှာပါတဲ့နှင်းဆီပန်းတွေကတော့အစစ်တွေပါ။ သိပ်ချစ်စရာကောင်းတဲ့ဝက်ဝံရုပ်လေးလဲပါ ပါတယ်။ ဒါတောင်မှ မနက်တွေ့တော့ပြောနေပါသေးတယ်။ ညကသူအလုပ်ပြန်နေုာက်ကျလို့ taxi နဲ့ပြန်တာ ပိုက်ဆံမပါတော့လို့ သူများဆီကချေးပြီးပြန်ရတယ်တဲ့။ မြန်မာပြည်ကပြောင်းပြန်ဖြစ်နေတာတဲ့။ ဘာကိုဆိုလိုချင်လဲ ဆိုတာတော့ စဉ်းစားကြည့်ကြပါဦး။ ဘာပဲဖြစ်ဖြစ် ကျွှန်မကတော့ မနှစ်ကအကြွှေးကျေပြီလို.မှတ်ထားလိုက်ပါတယ်။ သူဘာပြောပြောပေးတဲ့လက်ဆောင်လေးက အရမ်းလှပါတယ်။ သူ.မေတ္တာတွေလဲပါတယ်လို.ယုံကြည်ထားပါတယ်။
Posted by maymeko at 9:32 PM 1 comments
Labels: ဆောင်းပါး
Wednesday, February 13, 2008
ဗိုလ်ချုပ်မွေးနေ့
ဒီနေ့ဟာ ကျွှန်မတို့နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့၉၃နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ကွယ်လွန်သွား တာ ကြာပြီဖြစ်သော်လည်း ကျွှန်မတို့ရင်ထဲမှာ ယနေ့ထက်တိုင် ရှင်သန်နေဆဲပါ။
ဒီနေ့ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ် ငယ်ငယ်တုန်းက ဖတ်စာထဲမှာသင်အံကျက်မှတ်ခဲ့ရတဲ့ကဗျာလေးကို ပြန်လည် တမ်းတ သတိရရင်း ဖေဖော်ဝါရီ ၁၃ အမှတ်တရ ပိုစ့်ရေးမိပါတယ်။
ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့ နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊
မိခင်ဒေါ်စုသား။
၁၉၄၇ ၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား..။
Posted by maymeko at 12:12 AM 0 comments
Monday, February 11, 2008
N.D.C Pics For Sharp Mind People (Belive or Not)
ိဒီနေ့တော့ကျွှန်မသူငယ်ချင်းများအတွက် စိတ်အပမ်းဖြေစရာ ရုပ်ပုံလေးများကိုဖော်ပြပေး လိုက်ပါတယ်။ပျော်ရွှင်ကြပါစေ။
1. Are they ships or pillers?
2.Are they audiences or buildings ?
3.How many horses are there in this picture? Should find 7 ............ ....
4.How many people are there ?
5.water fall or human fall???
6.Do you see four people?
Posted by maymeko at 11:33 PM 0 comments
Labels: puzzle
Saturday, February 9, 2008
ချစ်သူကျွေးတဲ့ကိတ်မုန့်လေး.......
ကိတ်မုန့်လေးကို ကြည့်ပါဦး။ ချစ်စရာကောင်းတယ်နော်။ ချစ်စရာကောင်းမှာပေါ့ ..ချစ်သူကကျွေးတာကိုး ။
မနေ့ကဘာစိတ်ကူးပေါက်လို့လဲ မသိဘူး ။ ကိတ်မုန့်လေးဝယ်လာတယ် ။ ကျွေးတဲ့ပုံကတော့ကဗျာမဆန်ပါဘူး ။ ရော့...ယူစားဖိုကိတ်မုန့်တဲ့။
ကျွေးတဲ့ပုံကကဗျာမဆန်ပေမဲ့လဲ ရပါတယ်။ ကိုယ်က စားရတာပဲလေ..( အဲ...မှားလို့ မှားလို့...) သူကစေတနာနဲ့ကျွေးတာပဲလေ။ ဟုတ်ဘူးလား ? :P
ကိတ်မုန့်လေးက cheese ကိတ်လေး sedona hotel က၀ယ်လာတာလေ။ 1.8 dollarsတောင်ပေးရတာနော်။ ( ကြွားတာ ကြွားတာ :D)
အဲဒီကိတ်မုန့်လေး ကရာဇ၀င်နဲ့။ သိချင်ရင်တော့နောက်မှပြောပြမယ်နော်။ ဒီနေ့တော့အချိန်မရတော့လို့...ဘာပဲဖြစ်ဖြစ် ချစ်သူရေ..ကျေးဇူးနော်။
Posted by maymeko at 11:47 PM 0 comments
ညတစ်ည
အဲဒီညက လမသာပါ။ ချစ်သူကလည်း နောက်ကျလိုက်တာ။ မီးကလည်းမလာ။ ဒီနေ့ မြ၀တီ ကဘာရုပ်ရှင်ကားလာမှာလဲ ။ ဘာကားပဲလာလာ မီးမှမလာတာ။ ဒီမီးကလည်းနော် စိတ်ပြေလက်ပျောက် ကိုးရီးယားကားလေးတောင်ကြည့်ချင်တိုင်းကြည့်လို့မရပါလား ။ ဘာလုပ်ရင်ကောင်းမလဲ။ ဘယ်နှနာရီထိုးပြီလဲ။ ရ နာရီ ။ အင်း ...ဒီအချိန်ဆိုချစ်သူအလုပ်ဆင်းပြီထင်ပါရဲ့။ခုနနေဆိုရောက်လာတော့မလား မသိဘူး။ သူရောက်လာရင်ပြောစရာတွေအများကြီးပဲ။ စိတ်ထဲမှာ အရမ်းကိုမွန်းကျပ်နေတယ်။ အဆင်မပြေတာတွေ ကိုမျိုသိပ်ထားရတာ များနေပြီ။ တစ်ယောက်ယောက်ကိုပြောပြလိုက်ရင်သက်သာသွားမယ်ထင်ပါရဲ့။ အခန်းထဲမှာလည်း တစ်ယောက်ထဲနေရတာ အထီးကျန်လိုက်တာ။ စာအုပ်လေးဘာလေးဖတ်ရင်းစောင့်ရင်ကောင်းမယ်။
ဝေး........................
ဘာဖြစ်တာဘာလိမ့်။ အော် ..မီးလာတာကိုး ။ ဒါဆိုရင်စာအုပ်မဖတ်တော့ဘူး။ မီးလာတုန်း TV ကြည့်လိုက်ဦးမယ်။ တီဗီမှာဘာကားလာနေတာလဲမသိဘူး။ ဇာတ်လမ်းတွေကလည်း မကြည့်တာကြာတော့ ဘာမှန်းကိုမသိတော့ဘူး။ မင်းသားနဲ့မင်းသမီးကတော့ ချောတယ်။ ဟာမီးပျက်သွားပြန်ပြီ။ ပျက်ရင်လည်းပျက်တော့ဟာ။ ဂ နာရီတောင် ထိုးပြီဆိုတော့ ဇာတ်လမ်းလည်း ပြီးတော့မယ်။ ချစ်သူကလည်း မလာသေးဘူး။ ကြာလိုက်တာ။ meeting ရှိပြန်ပြီလားမသိဘူး။ ဗိုက်လည်းဆာနေပြီ။
အိမ်အောက်ဆင်းပြီး ဖုန်းလေးဘာလေးဆက်ဦးမှ။
့........hello ,ဘယ်နေရာရောက်နေပြီလည်း?
.....လမ်းထိပ်ကိုရောက်နေပြီ။
........အင်းဒါဆို လမ်းထိပ်ကပေါင်မုန့်ဆိုင်မှာစောင့်နေလေ။လာခဲ့မယ်။
...... OK
အစ်မရေ ဒီမှာဖုန်းခနော် ။ သွားလိုက်ဦးမယ် ။ ဒီလိုနဲ့............
ဟာ.........စောင့်နေမယ်ဆိုပြီး ရှိလည်းမရှိပါလား........ဘယ်နားရောက်နေလဲမသိဘူး။ တင်းလာပြီနော်. နဂိုကတည်းကစိတ်ကတိုနေပါတယ်ဆို။ ဖုန်းထပ်ဆက်ကြည့်ဦးမယ်။
............hello ဘယ်နားမှာလဲ?
........လမ်းထိပ်ပေါင်မုန့်ဆိုင်မှာလေ။
...........ဟာမတွေ့ဘူး။ အခုပဲအဲဒီနားကပြန်လာတာ။
...... ကျွတ်..အဲဒီနားမှာပဲလေ။
ဒီလိုနဲ့............လမ်းထိပ်ရောက်တော့သူရပ်စောင့်နေတာတွေ့လိုက်ရသည်။
......တော်ပြီ။ အဘွားတို့အိမ်မလိုက်တော့ဘူး။ ထမင်းလည်းစားပြီးပြီ။
........အင်း..ဒါဆိုလည်းပြီးရော။ ကိုယ်တော့သွားလိုက်ဦးမယ်။
သူကအဲဒီလိုပြောတော့ စိတ်ထဲမှာနင့်သွားတာပဲ။ ဟန်ဆောင်ပန်ဆောင်လေးတောင် မခေါ်ဘူး.. ဒီမှာကဖြင့်သူ့ကိုစောင့်နေတာကြာလှပြီ။
ပီးတော့မှသူကဆက်ပြောတယ်။ တစ်ယောက်တည်းပေါ့။ ဖြစ်ရဲ့လားတဲ့။
....... အမြဲတမ်း တစ်ယောက်တည်းနေ နေ ကျပဲလေ။ မဖြစ်စရာမရှိပါဘူး။
.....ဟာ...အဲဒီလောက်ဖြစ်နေမှတော့ ..မင်းရုံးဆင်းရင် ကိုယ့်ရဲ့အလုပ်မှာလာစောင့်နေလိုက်။
သူကအဲဒီလိုလည်းပြောလိုက်ရော..သူကိုပြောမယ်လို့စဉ်းစားထားတဲ့စကားတွေ ရင်ဖွင့်ချင်တဲ့ကြောင်းအရာတွေအားလုံးဘယ်ကိုရောက်ကုန်မှန်းမသိတော့ပါဘူး။
ဒီလိုနဲ့အိမ်လည်းပြန်ရောက်ရော သူငယ်ချင်းလည်းဖြစ် အစ်မလိုလည်းခင်တဲ့တစ်ယောက်ကိုဖုန်းဆက်ပြီး ပြောလိုက်တယ်။
ပြောရင်းနဲ့ ငိုလိုက်တာ မျက်ရည်တွေက ဘယ်လောက်ထွက်သွားမှန်းကိုမသိလိုက်ဘူး။ဖုန်းလည်းပြောပြီးရော ဖုန်းတစ်ခုလုံးစိုရွှဲနေတာပဲ။
မနက်ဖြန်ကျရင်တရုတ်နှစ်ကူးလေ။ ရုံးက boss ကလည်း တရုတ်ဆိုတော့ကန်တော့မှာ။ အစောကြီးတော့မသွားတော့ပါဘူး။ အိပ်တာပဲကောင်းပါတယ်။
........ဒီလိုနဲ့.......မနက်ရုံးကိုလည်းရောက်ရော မျက်လုံးတွေက ဖူးရောင်နေတာပဲ
အဲဒီညကဘာဖြစ်လို့လည်းမသိဘူး ကိုယ့်ကိုကိုစိတ်တိုလိုက်တာ။ ဗိုက်ကလည်းဆာလိုက်တာ။
မှတ်ချက် ။ စိတ်ကူးတည့်ရာကိုရေးထားခြင်းဖြစ်ပါတယ်။ မြန်မာလက်ကွက်ကူညီပေးသော ကိုမင်းမင်းအားကျေးဇူးတင်ပါတယ်..
Posted by maymeko at 11:10 PM 0 comments
Labels: ဆောင်းပါး
ှုပြန်လည်အသက်သွင်းခြင်း
ိဒီနေ့တော့ ပစ်ထားတာကြာပြီ ဖြစ်တဲ့ ကျွှန်မရဲ့ blog လေးကို ပြန်လည်အသက်သွင်း ပါတော့မယ်။ီ
ပစ်ထားတာ ကလဲ သိပ်မကြာ ရှာပါဘူး။ ၅လ ထဲပါ။ :P
blog စလုပ်ထားကတည်းကိုက 2 posts ပဲရေးပြီး ဆက်မရေးဖြစ် တာပါ။
အခုတော့မှတ်မှတ်ရရ ကိုနေဘုန်းလတ် ရဲ့ blog ၁နှစ် ပြည့်အတွက် တင်ပေးရင်းနဲ့ blog လေးကို ပြန်လည်အသက်သွင်းလိုက်ပါတယ်။
.......................................
နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Posted by maymeko at 11:08 PM 0 comments
Labels: ဆောင်းပါး
poem
reuf mailh‘udkzGifhvdkufawmh rarsmfvifhyJ awGhh.vdkuf&wJh uAsmav;yg/
armifav;wpfa,muf ydk.xm;wmyg/
trSwfw& post wpfcktjzpfwifxm;wmyg/
မင်း = ?
လွမ်းတယ်ပြောရအောင်
ချစ်သူမဟုတ်ဘူး။
သတိရတယ်ပြောရအောင်
သူငယ်ချင်းမဟုတ်ဘူး။
ဆွေးတယ်ပြောရအောင်
ဇတ်လမ်းလည်းမရှိဘူး။
မမေ့ရက်နိုင်ဘူးပြောရအောင်
မှတ်မှတ်ရရလည်းမရှိခဲ့ဘူး။
ရင်နာတယ်ပြောရအောင်
နာကြည်းစရာအကြောင်းလည်းမရှိခဲ့ဘူး။
မုန်းတယ်လို့ပြောရလောက်အောင်မချစ်ခဲ့ရပြန်တော့..........
Posted by maymeko at 11:04 PM 0 comments
New Blog
Hi Everybody !
This is my new blog. khaingkhant@gmail.com help me to create this new blog. Thank you Ko Khaing Khant. My old blog is maymeko.blogspot.com. I also express the posts from my old blog in this new blog. Have a nice day!
Posted by maymeko at 10:57 PM 0 comments