Sunday, May 18, 2008

ဟိုအရေးဒီအရေး


ပိုစ့်မရေးဖြစ်တာ တစ်လကျော်သွားပါပြီ။ ဒီတစ်လကျော်မှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာကတော့ စုံမှစုံပါပဲ။ ပို့စ်ရေးမယ်ဆိုရင်တောင်အများကြီး ရေးလို့ရမှာပါ။ သင်္ကြန်ပြီးတော့လဲ အလုပ်အကြွေးတွေရှင်းရ ၊ ရုံးကမန်နေဂျာကလဲ စင်ကာပူသွားမယ်ဆိုတော့အလုပ်ထွက်မှာဆိုပြီး အလုပ်တွေလွှဲ နေတာနှင့် ပို့စ်ရေးဖို့နေနေသာသာ ဘလော့တောင်မဖွင့်မိဘူး ။ ဒီကြားထဲ အလုပ်အသစ်တစ်ခု အတွက်အင်တာဗျူး ကိုသုံးခါလောက် ၀င်လိုက်ရသေးတယ်။ အင်တာဗျူးဝင်ပြီးတော့ မမျှော်လင့်ပဲအရွေးခံလိုက်ရပြီးအလုပ်သစ်ပြောင်းဖို့ပြင်ဆင်လိုက်ရတယ်။ တစ်လကြိုပြီးထွက်စာတင်ရ ၊ ကျန်ခဲ့တဲ့လုကိုအလုပ်လွှဲပေးဖို့ပြန်လုပ်ရနဲ့ စာရေးဖို့အချိန်မရပြန်ဘူး ။ အားတဲ့အချိန်လေးလုပြီး စာလေးရေးထားတာတော့ရှိပါတယ်။ သင်္ကြန်အပြီးပို့စ် ရယ်၊ အင်တာဗျူး (3) ရယ်။ ဒါပေမဲ့မပြီးသေးလို့ draft ထဲမှာပဲရှိသေးတယ်။ ဒီကြားထဲ နာဂစ်ကြောင့်အမိုးလန်သွားလို့ ပြင်ရသေးတယ်။ ဒါကြောင့်အခု အချိန်လေးရတုန်း ပိုစ့်လေးတစ်ခုတော့တင်ချင်လို့ ဟိုအရေး ဒီအရေးလေးရေးလိုက်တာ။ 26 ရက်နေ့ကျရင်အလုပ်သစ်ပြောင်းရတော့မယ်လေ။ အလုပ်သစ်က Tourism field မဟုတ်တော့ Internet , gmail ကိုဒီမှာလောက်အမြဲတမ်းလိုလိုထိတွေ့သုံးစွဲလို့ရမှာမဟုတ်ဘူးထင်တယ်။ အားလပ်ရက်လေးတွေ ကျရင်တော့ ကြိုးစားပမ်းစား စာလေးရေးဦးမှပါ။ စာရေးရတာစိတ်ချမ်းသာတယ်လေ။

No comments: