Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Friday, March 28, 2008

သူငယ်ချင်းသို့


ညတစ်ညဟာ

လမင်းမပါရင် မပြည့်စုံပေမဲ့

ကြယ်တွေနဲ့လည်း ဖြစ်ပါတယ်။

ငါ့အတွက်လည်း

အချစ် မရှိရင် မပြည့်စုံပေမဲ့

သူငယ်ချင်းကောင်းရှိရုံနဲ့တင်

ပျော်ဖို့ကောင်းပါတယ်။

သူငယ်ချင်း လေးရေ

တ ကယ်လို့များ

မင်းချစ်သူက ထားခဲ့မယ်ဆိုရင်တောင်

ကြေကွဲလိုက်ပါကွယ်

ဒါပေမဲ့

ပူဆွေးတမ်းတနေမဲ့အစား

ကိုယ့်ဘ၀ကိုပျော်ရွှင်အောင်ဖန်တီး

အနာဂတ်ကိုခရီးဆက်လို့

အချစ်ဆိုတာ

သိပ်ပြီးအရေးမပါလှပါဘူးနော်…….